ရေး-ထားဝယ်လမ်းပိုင်းအား တော်လှန်ရေးတပ်များ နယ်မြေရှင်းရေးပြုလုပ်၊ စစ်ကောင်စီတပ်သားများ ဂိတ်ပိတ်ကာ‌ပုန်းနေဟုဆို

ရေး-ထားဝယ်လမ်းပိုင်းအား တော်လှန်ရေးတပ်များ နယ်မြေရှင်းရေးပြုလုပ်၊ စစ်ကောင်စီတပ်သားများ ဂိတ်ပိတ်ကာ‌ပုန်းနေဟုဆို

အမှတ် (၈) ပြည်ထောင်စုလမ်းမ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင်ကြားနယ်မြေစိုးမိုးရေးအတွက် အမျိုးသမီးစစ်မေများပါဝင်သည့် တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း Ye Defence Force(YDF)က သတင်းထုတ်ပြန်သည်။

ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက အမှတ် (၈) ပြည်ထောင်စုလမ်းမ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင်ကြား နယ်မြေစိုးမိုးလုပ်ငန်းများ လုပ်ဆောင်ကာ ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့်တွေ့ဆုံပြီး စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များ ဖြတ်သန်းသွားလာခြင်းများကိုလည်း စစ်ဆေးခဲ့သည်ဟု သိရသည်။ 

နယ်မြေစိုးမိုးရှင်းလင်းရေးအား နံနက်(၇)နာရီမှ ညနေ(၃)နာရီခွဲအထိ စစ်ဆေးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တုန့်ပြန်မှုမရှိခဲ့ကြောင်း၊ 

မဟာမိတ်ပူးပေါင်းတပ်များဘက်က မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးသို့ ရှင်းလင်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့ ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့(DDT) ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီတပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ YDF၊ ရေးပြောက်ကျားတပ်ဒေါနတပ်ခွဲ(၃)၊  မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF၊ YAFနှင့် KNLA တပ်ရင်း(၂၇) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ye Defence Force - YDF / Mon State Revolutionary Force - MSRF