မြိုင်နှင့် ပခုက္ကူမြို့တို့ရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများအား ဒရုန်းဖြင့် ဗုံးသီး ၂၁လုံးချ တိုက်ခိုက်

မြိုင်နှင့် ပခုက္ကူမြို့တို့ရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများအား ဒရုန်းဖြင့် ဗုံးသီး ၂၁လုံးချ တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ် ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းနှင့် ညောင်ပင်လှ လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တို့အား တော်လှန်ရေးတပ်ဖွဲ့များက နှစ်ရက်အတွင်း ဒရုန်းဖြင့် ဗုံးသီး(၂၁)လုံးချ တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Forceထံမှ သိရသည်။

၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မြိုင်မြို့၏ မြောက်ဘက်စစ်ဆေးရေးဂိတ်တို့အား ဒရုန်းဖြင့် ဗုံးသီး (၁၀)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်အတွင်းရှိ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းနှင့် ညောင်ပင်လှလမ်းခွဲရှိ စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့်ဗုံးသီး(၁၁)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Earthquake People’s Defence Force၊ Black Cobra၊ DMG (ဓားမင်းကြီးတပ်ဖွဲ့)၊ Pku Thurian၊ N.Yso၊ ပခုက္ကူခရိုင်တပ်ရင်း (၁၀)နှင့် တပ်ရင်း(၃)၊ မြိုင် ပကဖ တပ်ရင်း(၂)၊ မြိုင်မြို့နယ် မြောက်ပိုင်းဇုံတိုက်နယ် 4 MPL အဖွဲ့၊ နဂါးနီတပ်ခွဲ(၂)တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency