တောင်ကြီးမြို့နယ်အတွင်း မောက်စံကျေးရွာမှ NLD ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်အပြင် အလောင်းကိုလည်း သယ်ဆောင်သွား ခံရ

တောင်ကြီးမြို့နယ်အတွင်း မောက်စံကျေးရွာမှ NLD ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်အပြင် အလောင်းကိုလည်း သယ်ဆောင်သွား ခံရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အထူးဒေသ(၆)နယ်မြေအတွင်း  တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာ‌တွင် NLD ပါတီဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အလောင်းယူဆောင်သွားမှု ၂၀၂၁ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်သည့်အပြင် အလောင်းကိုလည်း သယ်ဆောင်သွားသည့်အတွက် မည်သည့်အဖွဲ့အစည်းက လုပ်ကြံသည်ကို မသိရကြောင်း သိရသည်။

သူ့အိမ်ရဲ့ ဆန်စက်မှာ ပစ်သတ်ခံရတာ၊ ပြီးတော့ အလောင်းကို သူတို့သယ်သွားပါတယ်၊ အလောင်းမရဘူးတဲ့။ ရွာက လူတွေလည်း လိုက်စုံစမ်းနေကြတယ်

ဟု တောင်ကြီးဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြန်လည် ပြောပြသည်။

မောက်စံကျေးရွာ‌တွင် နေထိုင်သည့် အသက်(၆၀)ကျော်အရွယ်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တစ်ဦးဖြစ်သည့် ဦးထွက်မောင်သည် ဇွန်လ(၁၂)ရက်နေ့ ညနေ(၃)နာရီကျော်အချိန် နေအိမ်ရှိ ဆန်စက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ပစ်ခတ် သတ်သွားသူကို မသိရသေးသည့်အပြင် အလောင်းကိုလည်း ည(၈)နာရီအချိန်အထိ ပြန်လည်ရရှိသေးခြင်းမရှိသေးကြောင်း သိရသည်။

#TachileikNewsAgency