‌ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ပြီး လက်နက် ၂၄ လက် PDF တပ်များရရှိ

‌ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ပြီး လက်နက် ၂၄ လက် PDF တပ်များရရှိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကံသာယာရွာအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်း ပျူစောထီးများအား ‌ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ရာ လက်နက်(၂၄)နှင့် စပ်ဆက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၀)ဝန်းကျင်သည် ကံသာယာရွာအား စစ်ကြောင်းထိုးလာရာ မတ်လ (၁၀)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည်  ဖေဖော်ဝါရီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထားသော ကံသာယာရွာရှိ စခန်းအား ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။  

         

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား အလောင်း (၃)လောင်းရရှိပြီး လက်နက်ငယ် (၂၄)လက်၊ ကျည်မျိုးစုံ (၁၂၀၀)ခန့်၊ ရှေ့ထွက်မိုင်း (၂)လုံး၊ ကျည်အိမ် (၂၄)ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF၊ ကလေးမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency