ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅)၊ ခမရ (၃၇၆)နှင့် တပ်မဌာနချုပ် စကခ (၉)တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်တိုက်ခိုက် ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များအား AA က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများမှ စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်နှစ်ဦးကိုလည်း AAက ရရှိထားကြောင်း Tachileik News Agencyကို AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

#TachileikNewsAgency

Photo: AA Info Desk