ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFများ ပစ်ခတ်

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFများ ပစ်ခတ်

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာအကြားရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ မနေ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု မြိုင်မြို့နယ် PDFက ယနေ့ ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို Bumar Revolution Ranger၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့၊ Chauk Guarrilla Force၊ Black Daragon၊ PPDF၊ မြိုင်တပ်ရင်း(၁)နှင့် တပ်ခွဲ(၃) ဗိုလ်တစ်ထောင်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇွန်လ(၁၈)ရက်နေ့ကလည်း မြိုင် ပကဖ ဒုံးတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း(၂)တပ်ခွဲ(၃)တပ်ခွဲ(၄)တို့နှင့် Salingyi Special Task Force(SSTF)၊ Shar htoo waw အဖွဲ့၊ Royal Eagleတို့ ပူးပေါင်းကာ မြိုင်မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာတို့အား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency