အတန်းပညာမတက်ရောက်ရသေးသည့် စစ်ရှောင်ကလေးငယ် (၄၀)ဦးအတွက် သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

အတန်းပညာမတက်ရောက်ရသေးသည့် စစ်ရှောင်ကလေးငယ် (၄၀)ဦးအတွက် သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

မကွေးတိုင်း ကျောမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် အတန်းပညာမတက်ရောက်ရသေးသည့် စစ်ရှောင်ကလေးငယ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးစနစ်ဖြင့် CDM ဆရာ၊ ဆရာမများထားကာ သင်ကြားပေး‌နေသော်လည်း ကလေးများအတွက် သင်‌ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း PDF-KYAW ထံမှ သိရသည်။

အဆိုပါစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်(၃၃၂)ဦးရှိပြီး အများစုမှာ ကျောမြို့ ၊ ကန့်သက်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကာ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ဝန်းကျင်ရှိနေပြီဟု သိရသည်။

"ကလေး အယောက်(၄၀)ဝန်းကျင်ရှိမယ်ခင်ဗျ။ ကျောင်းသုံးစာအုပ်များနဲ့ ပညာသင်ကြားဖို့လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေများစွာလိုအပ်ပါတယ်ခင်ဗျာ။"ဟု PDF-KYAWမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ကလေးငယ်များကို မူလတန်းမှ အထက်တန်းအထိ ဆရာ၊ ဆရာမ(၁၀)ဦးဝန်းကျင်ဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

"နေရပ်ပြန်ဖို့ခက်ခဲနေတာပါ။ ကျောမြို့လက်နက်စက်ရုံ ကပစ (၂၃) ဒေသအတွင်းမှာရှိနေတာမို့ပါ၊ ကန့်သက်ကျေးရွာက။"ဟု ၎င်းက ဆက်ပြောသည်။

စစ်ရှောင်စခန်းရှိ ကလေးငယ်များ၊သက်ကြီးရွယ်အိုများအတွက် တတ်နိုင်သည့်ဘက်က ပိုးပံ့ပိုးပေးကြရန်လည်း PDF-KYAW က တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : People's Defence Force - KYAW