အပစ်ရပ်စာချုပ်ချိုးဖောက်ကာ ရှမ်းမြောက်ရှိ မြို့ ၃ မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ်

အပစ်ရပ်စာချုပ်ချိုးဖောက်ကာ ရှမ်းမြောက်ရှိ မြို့ ၃ မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ်
ဇန်နဝါရီ 15, 2024 | 2021 Military Coup| ရှမ်းမြောက်

အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး စစ်ကောင်စီတပ်က ရှမ်းမြောက်ရှိ ကျောက်မဲ၊ နောင်ချိုနှင့် ကွတ်ခိုင်မြို့နယ်တို့၌ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း TNLAထံမှ သိရသည်။

ကျောက်မဲမြို့နယ် စစ်ကောင်စီ ၅၀၂ တပ်စခန်းမှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ သံဘိုရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သုံးဆယ်ရွာသို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာ အနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်မှ Mi35 တိုက်ခိုက်ရေး ရဟက်ယာဥ်ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါလရီလ (၁၁)ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLAရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်များသို့ နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို  ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency