ဟိုပန်နှင့် ပန်လုံဒေသကို UWSAထံ လွှဲပြောင်းသည့်အခမ်းအနားပြုလုပ်

ဟိုပန်နှင့် ပန်လုံဒေသကို UWSAထံ လွှဲပြောင်းသည့်အခမ်းအနားပြုလုပ်
ဇန်နဝါရီ 10, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုကို ၀ပြည်နယ် ပြည်သူ့အစိုးရထံ လွှဲပြောင်းလက်ခံသည့် အခမ်းအနားအား ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ဟိုပန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါ အခန်းအနားကို ဗဟို၀ပြည်နယ် ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့သည်ဟု သိရသည်။





ဟိုပန်မြို့ရှိ စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSAထံ လွှဲပြောင်း‌ပေးခဲ့ခြင်းဖြစ်သည်။



ဟိုပန်မြို့သည် MNDAAထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ကြားတွင် ရှိနေပြီး ဝဒေသတွင်လည်း ပါဝင်နေသည့်မြို့ဖြစ်သည်။



#TachileikNewsAgency

Photo: Wa Channel