ယင်းမင်ပင်မြို့နယ်တွင် စစ်ကောင်စီတပ်  ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ စိုက်ပျိုးရေးလုပ်သမ အမျိုးသမီး ၃ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ယင်းမင်ပင်မြို့နယ်တွင် စစ်ကောင်စီတပ်  ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ စိုက်ပျိုးရေးလုပ်သမ အမျိုးသမီး ၃ဦးသေဆုံး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သံပိုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သား အမျိုးသမီး(၃)ဦး ထိမှန်သေဆုံးသွားကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအနီး အောင်ဇေယျတပ်ကုန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီး(၂)လုံးမှာ သံပိုကျေးရွာရှိ စိုက်ပျိုးရေးအလုပ်သမများ အနားယူနေသည့်နေရာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး(၃)ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား (၁၀)ဦးထက်မနည်းရှိကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency