အာဏာသိမ်းစစ်အုပ်၏ ထုတ်ကုန် အရက်ဘီယာများကို ဝယ်ယူမသောက်သုံးရေး ရန်ကုန်လူငယ်များက ကြွေးကြော်ဆန္ဒပြရင်း တိုက်တွန်း

အာဏာသိမ်းစစ်အုပ်၏ ထုတ်ကုန် အရက်ဘီယာများကို ဝယ်ယူမသောက်သုံးရေး ရန်ကုန်လူငယ်များက ကြွေးကြော်ဆန္ဒပြရင်း တိုက်တွန်း
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

အာဏာသိမ်း စစ်အုပ်စု၏ မြန်မာဘီယာ နှင့်  စစ်တပ်ထုတ်ကုန် အခြားဘီယာနှင့် အရက်များကို ဝယ်ယူမသောက်သုံးခြင်း မပြုလုပ်ကြရန် ရန်ကုန်လူငယ်များဖြစ်သည့် ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း )က ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ရန်ကုန်မြို့တွင်း လှည့်လည် ကြွေးကြော် ဆန္ဒပြရင်း တိုက်တွန်းလိုက်သည်။



 

စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို Boycott သပိတ်မှောက်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အဲ့အတွက် မိဘပြည်သူများအားလုံးကို ကျွန်မတို့ ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ) ကအထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ဒါပေမယ့် အခုထက်ထိမြန်မာဘီယာကို ရောင်းချနေတဲ့သူတွေရှိသလို ဝယ်ယူသောက်သုံးနေတဲ့သူတွေလည်း ရှိနေပါတယ် ဒါဟာ ကျွန်မတို့ နွေဦးတော်လှန်ရေးရဲ့ ကျဆုံးသွားခဲ့တဲ့အာဇာနည်တွေ နဲ့ လူတန်းစား အလွှာအသီးသီးမှာရှိတဲ့မိဘပြည်သူတရပ်လုံးကို စော်ကားလိုက်တာပါပဲထပ်ပြောပါမယ်။ ကျွန်မတို့ နွေဦးတော်လှန်ရေးကိုအစော်ကားခံနေရပါတယ်။ အဲ့ဒီအတွက်ဒီနေ့ ဒီရက်ကျွန်မတို့ ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ) ရဲ့ ပြန် ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ရောက်နေတဲ့အချိန်ကစပြီးတော့ မြန်မာဘီယာရောင်းနေတဲ့ဆိုင်တွေကို မြန်မာဘီယာမရောင်းဖို့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ တိုက်တွန်းပေးကြပါ။ ဘီယာသောက်လို့ရပါတယ်။ အားလုံးဘီယာ သောက်ခွင့်ရှိပါတယ်။ ဒါပေမယ့် မြန်မာဘီယာနဲ့ စစ်တပ်ထုတ်ကုန် အခြားဘီယာတွေကို မသောက်သုံးကြပါနဲ့။ ဒါကို ကျွန်မတို့ အလေးအနက်ထားပြီး ပြောချင်ပါတယ်။

ဟု ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း )အဖွဲ့က ဆိုသည်။

အာဏာသိမ်းစစ်အုပ်၏ စီးပွားရေးများစွာထဲက အရက်ဘီယာထုတ်ကုန်များကို အားမပေးခြင်းဖြင့် ပြည်သူ့ဘက်က ရပ်တန့်ရန် တိုက်တွန်းထားသည်။

ဒီလို စစ်တပ်ထုတ်ကုန်တွေကိုဆက်ပြီး ဝယ်ယူအားပေးနေမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်တပ်တွေက ဒီအမြတ်ငွေတွေကို ရရှိနေမှာဖြစ်သလို ဒီငွေတွေဟာ ကျွန်မတို့ ပြည်သူလူထုအတွက် သေမိန့်၊ သေစရိတ်တွေ ဖြစ်နေပါတယ်။ အဲ့တော့ အခုအချိန်ကနေစပြီးမြန်မာဘီယာနဲ့ တခြားစစ်တပ်ထုတ်ကုန် ပစ္စည်းတွေကို မဝယ်ယူ မသုံးစွဲ သပိတ်မှောက်ကြဖို့ ကျွန်မတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုဝင်ဖြစ်တဲ့ ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ) ကနေတိုက်တွန်းလိုက်ရပါတယ်။

ဟု ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း )က တိုက်တွန်းထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ဆန္ဒပြလူငယ်များကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုသည် မရရသည့်နည်းဖြင့် စစ်အာဏာရှင်ကျဆုံးရေး နေ့စဉ် ကြွေးကြော်ဆန္ဒပြနေလျက်ရှိသည်။

#TachileikNewsAgency

Photo: OCTOPUS