မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိသားစုဝင်များနှင့်အတူ အလင်းဝင်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိသားစုဝင်များနှင့်အတူ အလင်းဝင်
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား (၃)ဦး မိသားစုဝင်များနှင့်အတူ ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့များထံ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

မတူပီမြို့နယ်ရဲစခန်းမှ ရဲတပ်သား မိုးကန့်ဆိုသူသည် ၎င်း၏မိသားစု၀င်(၃)ဦးနှင့်အတူ CDF-Matupi Battalion-2 ထံသို့ အလင်း၀င်လာခဲ့ကြောင်း သိရသည်။

၎င်းရဲတပ်သားသည် လုပ်သက်(၇)နှစ်ရှိပြီး အလင်းဝင်လာစဉ် G3 တစ်လက်၊ G3ကျည်ဘောက် (၂)ခု၊ G3 ကျည်ဆံ (၁၀၀)ထောင့်နှင့်အတူအလင်း၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မတူပီမြို့နယ်တွင် ရေဇွာမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သား တင်နိုင်ထွေးနှင့် ဗန်လာမွေးတို့နှစ်ဦး  MA1 သေနတ်တစ်လက်၊ ကျည်(၃၈၀)တောင့်၊ အီနာကာ ဗုံးသီး(၅)လုံး၊ လက်ပစ်ဗုံး (၃)လုံး၊ နင်းမိုင်းတစ်လုံး၊ ကျည်ကာဦးထုပ်တစ်ခု၊ ကျည်ကာအင်္ကျီတစ်ထည်တို့နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်း၀င်လာသော တင်နိုင်ထွေးနှင့် ဗန်လာမွေးကို CDF-Zotung က ကျပ်သိန်း(၁၀၀) ဆုငွေ ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency