သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော အုပ်ချုပ်ရေးရုံးအား ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော အုပ်ချုပ်ရေးရုံးအား ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်
နိုဝင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော အုပ်ချုပ်ရေးရုံးအား ဒေသကာကွယ်ရေးတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချပြီး‌နောက် အုပ်ချုပ်‌ရေးရုံးအနီးအထိကပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက ရုံးအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခဲ့သော်လည်း တိုက်ပွဲချိန် မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး  စစ်ကောင်စီတပ်၏ ကား(၂)စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ Nine PDFတပ်ဖွဲ့၊ ဗိုလ်ကင်းတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ်(ပကဖ) တောဆင်ရိုင်းတပ်ဖွဲ့နှင့် Northern Tiger Group(NTG)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency