မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA ယနေ့ထပ်သိမ်းရာ စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးရမိ

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA ယနေ့ထပ်သိမ်းရာ စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးရမိ
နိုဝင်ဘာ 4, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုးလိုတပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် ‌နိုဝင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင်  တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးကိုလည်း ဖမ်းဆီရမိခဲ့ကြောင်း TNLAထံမှ သိသည်။

လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်ခဲ့ပြီး မိုင်းကျက်တပ်စခန်း တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လေကြောင်းမှ  (၄)ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ရဟတ်ယာဥ်ဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ နမ့်ခမ်းမြို့နယ် မန်တက်ကျေးရွာစခန်းတွင် (၁)ကြိမ် လာရောက်စစ်ကူချပေးခဲ့သည်ဟုလည်း သိရသည်။

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စခန်းချနေသော စစ်ကောင်စီတပ်ကိုလည်း TNLAက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department