မြောင်မြို့မရဲစခန်းနှင့် ဗိုလ်တစ်ဦးနေသောအိမ်ကို ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မြောင်မြို့မရဲစခန်းနှင့် ဗိုလ်တစ်ဦးနေသောအိမ်ကို ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မြောင်မြို့မရဲစခန်းနှင့်  စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနေသော အိမ်အား ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ ခုနှစ် ‌နိုဝင်ဘာလ (၁)ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အလင်းဝင်ရန် လက်ကမ်းစာစောင်များ ကြဲချပေးခဲ့သည်ဟု စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFထံမှ သိရသည်။

အဆိုပါနေရာများကို ဒေသကာကွယ်ရေးတပ်များက Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneများဖြင့် Air BOMB (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ထံသို့ အချိန်မီ ခိုလှုံနိုင်ရန် လက်ကမ်းစာဆောင်များလည်း ကြဲချခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

ကြဲချတိုက်ခိုက်နေစဥ် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းနေ့ ညနေပိုင်းတွင်ပင် စစ်ကောင်စီတပ်သားများ အခြေချနေထိုင်‌သော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက မြောင်မြို့မှအပြန် Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneဖြင့် Air BOMB (၁)လုံးနှင့် လက်ကမ်းစာဆောင်များ ကြဲချခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း MSPDF၊ MSDF၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၁)-မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း တပ်ခွဲ(၃)- 7 PDF၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ တိုက်နယ် ပကဖ (မြောင်)၊ မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency