ကောလင်းမြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦးဒဏ်ရာရ

ကောလင်းမြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၃ခုနှစ် ဇွန်လ (၂၄)ရက်နေ့က ကင်းချိန်အပြီးတွင် မိုင်းခွဲခံရသဖြင့် ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား (၅)ဦး ဒဏ်ရာရကြောင်း Secret Warrior Kawlin က ယနေ့ ဇွန်လ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးသူရှိပြီး အရပ်သား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားသည့်နေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ (၁၄၄)အမိန့်ထုတ်ထားချိန်တွင် Secret Warrior Kawlinက စစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သူ အရပ်သားများအတွက် စိတ်ထိခိုက်ရပြီး စစ်ကောင်စီ တပ်သားများနှင့်ဝေးရာတွင် နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency