ရှမ်းမြောက်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ကျကာ သံချပ်ကာကားနှစ်စီး ဖျက်ဆီးခံရ

ရှမ်းမြောက်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ကျကာ သံချပ်ကာကားနှစ်စီး ဖျက်ဆီးခံရ
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ကောင်စီတပ်စခန်း(၃၀)ကျော်ကို ညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာကား(၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်များသည် စစ်ကောင်စီတပ်ဖွဲ့၏ အကြီး၊ အသေး စခန်းပေါင်း(၃၀)ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားရာချီ သေဆုံးခဲ့သည့်အပြင်  စစ်သုံ့ပန်(၁၀)ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ယနေ့အောက်တိုဘာလ (၂၈)ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ချင်းရွှေဟော်မြို့ကို MNDAAက ထိန်းချုပ်ထားပြီး ၎င်းမြို့အနီးရှိ တပ်စခန်းများအားလုံးကိုလည်း သိမ်းယူပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang