ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ နေ့လယ်ပိုင်းက မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှ ခင်ဦးမြို့နယ်ကို  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အင်အား (၁၀၀)ဝန်းကျင်ကို တော်လှန်ရေးအင်အားစုက ပူး‌ပေါင်း၍ ရွှေဂူတဲစုကျေးရွာထိပ် တံတားအနီးတွင် မိုင်းခွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို ရွှေဘိုခရိုင်၊ အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၂) တပ်ခွဲမှူးဦးစီး တပ်ခွဲ(၁+၂) ပူးပေါင်းအင်အားနှင့် ခင်ဦးမြို့နယ် ပလဖ အဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖထံမှ သိရသည်။

#TachileikNewsAgency