ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် ယောကာကွယ်ရေးတပ်(YDF) လည်းပါဝင်

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် ယောကာကွယ်ရေးတပ်(YDF) လည်းပါဝင်
ဇန်နဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းတိုက်ခိုက်သိမ်းပိုက်မှုတွင် ယောကာကွယ် ရေးတပ်(YDF)လည်း ရက္ခိုင့်တပ်တော်(AA)နှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

YDFသည် မဟာမိတ်တပ်များနှင့်အတူ စစ်ရေးအတွေ့အကြုံယူရင်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ် ရေးအတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို YDFမှ ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

တောင်ရှည်တောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲသည် (၃)ပတ်ကြာမြင့်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ YDFတပ်ဖွဲ့မှလည်း ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်လိုက်သည့်အချိန်အထိ တက်ကြွစွာ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူများလိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုက်ပွဲပေါင်းများစွာကို ရာချီဆင်နွှဲလာခဲ့ရာ လက်ရှိတွင် ယောကာကွယ်ရေးတပ် - YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက်အင်အားသာလွန်ပြီး အင်အားကြီးမားသည့် ဘုံရန်သူအကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများအချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်းတိုက်ခိုက်ကြပါက အောင်ပွဲသည် အချိန်တိုတိုအတွင်း ရရှိနိုင်သည်ဟူသော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်တို့ကို စံနမူနာယူပြီး  မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲအစည်းအချို့မှ ရဲဘော်များလည်း စစ်ရေး အတွေ့အကြုံယူရင်း တက်ကြွစွာတိုက်ပွဲဝင်ခဲ့ကြသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency