ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူများနေသည့် အိမ်ရာကို PDF က ၄၀ မမဖြင့် ပစ်ခတ်

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူများနေသည့် အိမ်ရာကို PDF က ၄၀ မမဖြင့် ပစ်ခတ်
စက်တင်ဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူများ နေထိုင်သည့် အိမ်ရာဝန်းကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက (၄၀)မမဖြင့် ဆယ်ချက် ပစ်ခတ်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRFထံမှ သိရသည်။

ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက် ကုတင်(၁၀၀) စစ်တပ်ဆေးရုံအနီးရှိ စစ်ဗိုလ်များ သီးသန့်နေသည့် အိမ်ရာအား Dawei Guerrilla Revolutionary Force – DGRFနှင့် ဥဩစစ်ကြောင်း တပ်ခွဲ (၁) တို့ပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Dawei Guerrilla Revolutionary Force–DGRFနှင့် ဥဩစစ်ကြောင်းတို့သည် စက်တင်ဘာလ (၁၅)ရက်နေ့ကလည်း ဟားလီးကွေ့အနီးတွင် ဝန်ကြီးခရီးစဉ်အတွက် လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထို့နောက် အဆိုပါ စစ်ကောင်စီဝန်ကြီးသည် နေ့လယ်ပိုင်းတွင် GTCကျောင်းသို့ ရောက်နေချိန် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာကို (၈၀)မမနှင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency