ရေးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ရွာမှ ဒေသခံများကို PDF တပ်များက ဆေးဝါးကုသမှုပေး

ရေးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ရွာမှ ဒေသခံများကို PDF တပ်များက ဆေးဝါးကုသမှုပေး
စက်တင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ ရေးမြို့နယ်အတွင်းရှိ ဒေသခံများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ သြဂုတ်လအထိ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လမှ သြဂုတ်လအထိ ရေးမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ အမျိုးသား (၆၇)ဦး၊ အမျိုးသမီး (၅၁)ဦးနှင့် ငါးနှစ်အောက်ကလေး (၅)ဦးတို့ကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

မိုးရာသီဖြစ်သဖြင့် ဒေသခံများမှာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ အများဆုံးဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့အနေဖြင့် ရပ်ရွာတွင်း အခြေခံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသိပညာမြှင့်တင်ပေးရန်အတွက် လိုအပ်သော ဆေးပညာဆိုင်ရာသင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence - NUG