PVC ပိုက်များကို စစ်စိမ်းရောင် ဆေးသုပ်၍ Drop ဗုံးပြုလုပ်ကာ စစ်ကောင်စီအသုံးပြုနေ

PVC ပိုက်များကို စစ်စိမ်းရောင် ဆေးသုပ်၍ Drop ဗုံးပြုလုပ်ကာ စစ်ကောင်စီအသုံးပြုနေ

မြန်မာပြည်နေရာအနှံ့တွင် စစ်မျက်နှာပေါင်းစုံရင်ဆိုင်နေရသည့် စစ်ကောင်စီသည် PVC ရေပိုက်များကို စစ်စိမ်းရောင် ဆေးသုပ်၍ Drop ဗုံးများ ပြုလုပ်ကာ အသုံးပြုနေကြောင်း Federal Wings အဖွဲ့မှ ၂၀၂၄ခုနှစ် မေလ (၈) ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီစခန်းများ သိမ်းပိုက်ရာတွင် Drop ဗုံးများသိမ်းဆည်းရရှိခဲ့ပြီး၊ အချိန်ကြာ၍ ဆေးကွာကျချိန်၌ စစ်ကောင်စီသည်လည်း PVC ပိုက်ဖြင့်ပြုလုပ်သည့် ဗုံးများ အသုံးပြုနေသည်ကို သိရှိရကြောင်း Federal Wings ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရရှိခဲ့သည့် ဆေးသုပ်ထားသည့် PVC ဗုံးများကို စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် ပြန်လည်အသုံးပြုခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအစောပိုင်းကာလတွင် ငွေကြေးနှင့်နည်းပညာမပြည့်စုံသဖြင့် တော်လှန်ရေးအဖွဲ့များမှ PVC ပိုက်များကို ဗုံးသီးအဖြစ်ပြုလုပ်ကာ တိုက်ခိုက်ခဲ့ရပြီး၊ တော်လှန်ရေးအချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည်လည်း ငွေကြေးနှင့် ကုန်ကြမ်းအခက်အခဲရှိလာပြီး တစ်ချိန်က သူတို့လှောင်ပြောင်ခဲ့သည့် PVC ပိုက်ဖြင့်ပြုလုပ်သည့် ဗုံးများကို ဆေးသုတ်၍ အသုံးပြုလာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Federal Wings