မြိုင်မြို့နယ်ရှိ Well2 ရေနံမြေစခန်းအား PDF တပ်များက ရှော့တိုက်ဒုံး ၂၅ လုံးဖြင့် ပစ်ခတ်

မြိုင်မြို့နယ်ရှိ Well2 ရေနံမြေစခန်းအား PDF တပ်များက ရှော့တိုက်ဒုံး ၂၅ လုံးဖြင့် ပစ်ခတ်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ Well2 ရေနံမြေစခန်းအား ဒေကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံး(၂၅)လုံး၊ ဒရုန်းဗုံးသီး (၆၀)လုံးဖြင့် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

စစ်ကောင်စီတပ်နှင့် ရဲများတပ်စွဲထားသည့် Well2 ရေနံမြေစခန်းအား ရှော့တိုက်ဒုန်း(၂၅)လုံး၊ ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံး(၆၀)တို့ဖြင့် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး Well2 ရေနံမြေစခန်း၏ လျှပ်စစ်ဓာတ်အားလိုင်းကိုလည်း ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၅)၊ တပ်ခွဲ(၈)၊ ကျေးရွာလုံခြုံရေး တပ်ဖွဲများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ဦးရွာဘက်မှလာသော အင်အား(၁၀၀)နှင့် (၂၀၀)ကြားပါသည့် စစ်ကောင်စီတပ်များသည် အရပ်သား (၃၀)ဝန်းကျင်အား ဖမ်းဆီးကာ မြိုင်မြို့နယ် ကွမ်းတောရွာကို ပစ်ခတ်ဝင်ရောက်နေသည်ဟုလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့ကလည်း အဆိုပါ Well2 ရေနံမြေစခန်းအား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြီး Mi-35ဖြင့် လာရောက်ပစ်ကူပေးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency