၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ KNDF သဝဏ်လွှာပေးပို့

၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ KNDF သဝဏ်လွှာပေးပို့
သြဂုတ် 17, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်သူ၊ ပြည်သားများအတွက် မားမားမတ်မတ်ရပ်တည် ကာကွယ်ခဲ့မှုများအပေါ် လေးစားဂုဏ်ယူကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က (၇၅)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ သဝဏ်လွှာပေးပို့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့တွင် ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့ကို ကရင်နီတပ်မတော်ထိန်းချုပ်နေရာတစ်ခုတွင် ကျင်းပခဲ့သည်။

KNDF သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအင်အားစုဖြစ်သည်။

#TachileikNewsAgency