ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကလေး(၁)ဦး အပါအဝင် (၃)ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကလေး(၁)ဦး အပါအဝင် (၃)ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ကလေးတစ်ဦးအပါအဝင် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် စစ်ကောင်စီတပ် စကခ(၁၃)လက်အောက်ခံ၊  ဝေါ်လေဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ ကျေးရွာအနီးတွင် ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိကာ မျှစ်ရှာမှိုကောက်နေသည့် အောင်မင်္ဂလာကျေးရွာနေ မခင်မာအေး (၁၂)နှစ် (စိုးရိမ်ရ ဒဏ်ရာ)၊ မဌေးမိုး (၁၉)နှစ် နှင့် မကောက်ချမ်း (၂၂)နှစ်တို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း  သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် မိုင်းများလိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများမှာ ဥယျာဥ်ခြံမြေသို့ အလုပ်အကိုင် သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ပဲ စိုးရိမ်ထိတ်လန့်လျှက်ရှိနေရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻