စစ်ကိုင်းမြို့နယ် ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး (၁၄)လုံးချတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး (၁၄)လုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး(၁၄)လုံးချ တိုက်ခိုက်ခဲ့ကြောင်း Myin Mu Defence Force-MMDFထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ၊ ရဲနှင့် ပျူစောထီးများရှိသည့် ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သူမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းတစ်စီး ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို GTR MMU၊ Myin Mu Defence Force - MMDF၊ ဆားတောင်မိုးကြိုး၊ ကျောက်ဆည်နဂါးနီ၊ Zero ပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုတပ်ရင်း(၁၅)နှင့် မြင်းခြံခရိုင်တပ်ရင်း(၆)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : GTR MMU