မန်ယူက မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၆၀) ဖြင့် ခေါ်ယူရန် ချယ်ဆီးနှင့် သဘောတူညီမှုရ

မန်ယူက မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၆၀) ဖြင့် ခေါ်ယူရန် ချယ်ဆီးနှင့် သဘောတူညီမှုရ
By Mr John

 မန်ချက်စတာယူနိုက်တက်က ကွယ်လယ်ကစားသမား မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၆၀) ဖြင့် ခေါ်ယူရန် ချယ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်သည်။

 ပြီးခဲ့သည့် (၂၄) နာရီအတွင်း ကစားသမား အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကလပ်အသင်း (၂) ခုအကြား သဘောတူညီမှုရရှိခဲ့ပြီဟု Daily Mail သတင်းက ဇွန်လ (၂၉) ရက် ညပိုင်းတွင် ဖော်ပြသည်။

သဘောတူညီမှုအရ မေဆန်မောင့်၏ ပြောင်းရွှေ့ကြေးမှာ အပိုထပ်ဆောင်း ဆုကြေးများ အပါအဝင် ပေါင် သန်း (၆၀) ဟု ဆိုသည်။ 

ယခုအခါ မေဆန်မောင့်က မန်ယူတွင် ဆေးစစ်မှုခံယူပြီး (၅) နှစ်သက်တမ်း ဖြစ်သည်ဟု နားလည်ရသော ကာလရှည်ကြာ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဟု သိရသည်။

 မေဆန်မောင့်မှာ မန်ယူနည်းပြ အဲရစ်တန်ဟတ်၏ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ထိပ်တန်းဦးစားပေး ပစ်မှတ်လည်းဖြစ်သည်။

မန်ယူက မေဆန်မောင့်အတွက် (၃) ကြိမ် ကမ်းလှမ်းခဲ့သော်လည်း အစောပိုင်းတွင် ချယ်ဆီးက ပယ်ချထားခဲ့သည်။ 

နောက်ဆုံးအကြိမ်တွင် မန်ယူက ပေါင် (၅၅) သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးက ထပ်မံပယ်ချခဲ့သော်လည်း ယခုအခါ မန်ယူက ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းနှင့် အပိုထပ်ဆောင်း ဆုကြေး ပေါင် (၅) သန်းဖြင့် မေဆန်မောင့်ကို စာချုပ်ခေါ်ယူရန် ချယ်ဆီးနှင့် သဘောတူညီမှုရရှိသွားခဲ့ခြင်း ဖြစ်သည်။

မေဆန်မောင့်က ၂၀၁၉ ခုနှစ်တွင် ချယ်ဆီးအသင်းနှင့်အတူ စတင်ကစားခဲ့ပြီးနောက် ပွဲစဥ် (၁၉၅) ပွဲ ပါဝင်ကစားပြီး (၃၃) ဂိုး သွင်းယူထားသည်။ 

၎င်းက အင်္ဂလန်အသင်းအတွက်လည်း ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပွဲစဥ် (၃၆) ပွဲ ကစားခဲ့ပြီး (၅) ဂိုးသွင်းယူထားသည်။ 

ချယ်ဆီးဘောလုံးအကယ်ဒမီထွက် မေဆန်မောင့်က ၂၀၁၇-၁၈ ဘောလုံးရာသီ၌ နယ်သာလန် ဘောလုံးကလပ် Vitsse တွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး နယ်သာလန်လိဂ် Eredivisie ပွဲစဥ် (၂၉) ပွဲတွင် (၉) ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။

 

Source: Daily Mail