အသက်(၈၂)နှစ်အရွယ် ဂန္တဝင် ကမ္ဘာကျော် ဘောလုံးသမား ပီလီ ကွယ်လွန်

အသက်(၈၂)နှစ်အရွယ် ဂန္တဝင် ကမ္ဘာကျော် ဘောလုံးသမား ပီလီ ကွယ်လွန်
ဒီဇင်ဘာ 30, 2022 | နိုင်ငံတကာသတင်း

ဂန္တဝင် ကမ္ဘာကျော် ဘောလုံးအားကစားသမား အသက်(၈၂)နှစ်အရွယ် ပီလီသည်   ၂၀၂၂ခုနှစ်  ဒေသစံတော်ချိန် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင်  ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ပီလီသည် ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ အဲလ်ဘတ် အိုင်းစတိုင်း အစ္စရေးလိုက် ဆေးရုံတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ ကတည်းက ဆေးဝါးကုသမှုခံယူနေရင်း ဆေးရုံတွင် တစ်လတိတိပြည့်သည့် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ပီလီသည် ဘရာဇီးလ်နိုင်ငံအသင်းအတွက်  ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ဂိုးအများဆုံးသွင်းနိုင်ခဲ့သူအဖြစ် အထွဋ်ထိပ်ဆုံး အောင်မြင်မှုကို ရရှိခဲ့သူဖြစ်သည်။

သမိုင်းဝင်ကျော်ကြားသူ ပီလီ ၏ အမည်အရင်းမှာ အက်ဒ်ဆင် အာရန်တဲစ် ဒို နတ်ဆီမင်တို ဖြစ်ပြီး  ၎င်းသည် ဘရားဇီးနိုင်ငံ၏ အားကစားဝန်ကြီးအဖြစ် ၁၉၉၅ခုနှစ်မှ ၁၉၉၈ခုနှစ် ဧပြီလ(၃၀)ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

 ဘောလုံးပြိုင်ပွဲများတွင် အနားယူခဲ့ပြီးနောက် ပီလီသည် နိုင်ငံရေးသမား၊ ဘရာဇီးနိုင်ငံ၏ အထူး အားကစားဝန်ကြီး၊ ကြွယ်ဝသည့် စီးပွားရေးသမား ဖြစ်ခဲ့သလို ယူနက်စကို နှင့် ကုသလမဂ္ဂဆိုင်ရာ သံသမန်တစ်ဦးအဖြစ် လှုပ်ရှားခဲ့ပြီး ရုပ်ရှင်နှင့်ဇတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် ဂီတပိုင်းတွင်လည်း တေးရေးဆရာအဖြစ်ပါ လုပ်ဆောင်ခဲ့သေးသည်။

ဘရာဇီးနိုင်ငံ၏ သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသည့် ပီလီကို ၎င်း၏ ပရိသတ်များက ပုလဲနက်ဟုလည်း တင်စားခေါ်ဝေါကြသည်။

 

Source: AP, MSN, CNBC

Ko Zaung is the editor-in-chief of Tachileik News Agency.