ပခုက္ကူမြို့ လျှပ်စစ်မီတာရုံး ဗုံးပစ်ခံရ

ပခုက္ကူမြို့ လျှပ်စစ်မီတာရုံး ဗုံးပစ်ခံရ

မကွေးတိုင်း ပခုက္ကူမြို့ လျှပ်စစ်မီတာရုံးကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

လျှပ်စစ်မီတာခများ အတင်းအကြပ်ကောက်ခံနေ‌သည့် EPCရုံးအား ပခုက္ကူပကဖ တပ်ခွဲ(၂) Young Force UGမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့ပေါ်ရှိ ပြည်သူများအား စစ်ကောင်စီအလိုကျ လျှပ်စစ်မီတာခများ အတင်းအကြပ်ကောက်ခံခြင်း၊ မီတာဖြုတ်သိမ်းခြင်းများလုပ်ဆောင်နေသဖြင့် လျှပ်စစ်ရုံး တာ၀န်ရှိသူများနှင့် လက်ပါးစေ ၀န်ထမ်းများအား နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်မည်ဆိုပါက မြို့နယ်ပကဖအဖွဲ့များက ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဗုံးပစ်ခံရမှုကြောင့် လျှပ်စစ်မီတာရုံး ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo : ပခုက္ကူလျှပ်စစ်