ရေစကြိုမြို့နယ် ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ဦးကျဆုံးပြီး ခဲယမ်းများဆုံးရှုံး

ရေစကြိုမြို့နယ် ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ဦးကျဆုံးပြီး ခဲယမ်းများဆုံးရှုံး

မကွေးတိုင်း ရေစကြိုမြို့နယ် အောင်နန်းကျေးရွာအနီးရှိ ရေစကြိုမြို့နယ် ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ဦးကျဆုံးပြီး ခဲယမ်းတစ်ချို့ ဆုံးရှုံးခဲ့ရကြောင်း ရေစကြိုမြို့နယ် ပကဖ ထံမှ သိရသည်။



၂၀၂၃ခုနှစ် ဇွန်လ(၁၃)ရက်နေ့က အင်အား(၆၀)ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်သည် အောင်နန်းကျေးရွာအနီး ရေစကြိုမြို့နယ် ပကဖ စခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



၎င်းစစ်ကောင်စီတပ်သည် ဇွန်လ(၁၂)ရက်နေ့ ညပိုင်းတွင် စခန်းအနီးသို့ကပ်လာပြီးနောက် ကင်းကျရဲဘော်တစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ စခန်းဝင်စီးသွားခြင်းဖြစ်သည်ဟု သိရသည်။



စခန်းစီးနင်းခံရမှုကြောင့် ရေစကြိုမြို့နယ် ပကဖ စခန်းခွဲမှ ကားတစ်စီး၊ ဆိုင်ကယ်(၃)စီးနှင့် လက်လုပ်မိုင်းအချို့၊ ကျည်ဆံအနည်းငယ်၊ ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးသွားကြောင်း သိရသည်။



#TachileikNewsAgency