ရွှေဘိုမြို့နယ် သီးလုံးရွာတွင် တပ်စွဲနေသည့် အာဏာသိမ်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် (၅)ကြိမ် တိုက်ခိုက်

ရွှေဘိုမြို့နယ် သီးလုံးရွာတွင် တပ်စွဲနေသည့် အာဏာသိမ်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် (၅)ကြိမ် တိုက်ခိုက်
ဖေဖော်ဝါရီ 9, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းချနေရာကို ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် SNAKE EYES- PDF၊  C&T (Shwebo)၊ Fighter One၊ People Defense Force-Shwebo နှင့် ပ.က.ဖ အဖွဲ့အစည်းများက Drone ဖြင့် (၅) ကြိမ်တိတိသွားရောက် တိုက်ခိုက်ခဲ့ နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။