NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဗစ်တိုရီးယားပြည် နယ်ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

Photo: NUG
Photo: NUG
NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဗစ်တိုရီးယားပြည် နယ်ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် သြစတြေးလျနိုင်ငံ၊  ဗစ်တိုရီးယားပြည်နယ်ပါလီမန်လွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်အမတ်များနှင့် မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း သိရသည်။





ဗစ်တိုရီးယားပြည်နယ်ပါလီမန်လွှတ်တော်သို့ ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်နေ့က သွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမအတွင်း မြန်မာပြည်အရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။





အဆိုပါ ဆွေးနွေးမှုများအနက်မှ လူသားချင်းဆိုင်ရာကူညီထောက်ပံ့မှုများ၊ သြစတြေးလျနိုင်ငံ၏ မြန်မာပြည်အရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံအတွင်း အခြေစိုက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဗစ်တိုရီးယားပြည်နယ် လွှတ်တော်အမတ်များပါဝင်မည့် မြန်မာပြည်အရေးဆောင်ရွက်မည့် အစုအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။





တွေ့ဆုံမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊  CRPH/NUG Support Group (Australia) အဖွဲ့ဝင်များ လိုက်ပါခဲ့သည်ဟု သိရသည်။