သရုပ်ဆောင် "ဒေါင်း" ပါဝင်သရုပ်ဆောင်ထားသည့်  "ကျောက်ဖရားမှ ဧရာဝတီသို့"ဇာတ်လမ်းတွဲ   ဆု(၂)ဆု ရရှိ

သရုပ်ဆောင် "ဒေါင်း" ပါဝင်သရုပ်ဆောင်ထားသည့်  "ကျောက်ဖရားမှ ဧရာဝတီသို့"ဇာတ်လမ်းတွဲ   ဆု(၂)ဆု ရရှိ

မြန်မာသရုပ်ဆောင် "ဒေါင်း"နှင့် အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင်သရုပ်ဆောင်ထားသည့် "ကျောက်ဖရားမှ ဧရာဝတီသို့" ဇာတ်လမ်းတွဲ  ဆု( ၂ )ခုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ( ၂၅ )ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ၏ Nine Entertain Awards 2023 ဆုပေးပွဲအတွင်း အဆိုပါဇာတ်ကားမှာ တစ်နှစ်တာအကောင်းဆုံး ဇာတ်ကားဆုနှင့် တစ်နှစ်တာ အကောင်းဆုံး Creative(ဖန်တီးနိုင်မှု)ဆုကို ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုင်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် Thai PBS တွင် ဒါရိုက်တာ    ချတ်ချိုင်း ကတီနတ် ရိုက်ကူးသည့် “From Chao Phraya to Irrawaddy” (ကျောက်ဖရားမှ ဧရာဝတီသို့)ဇာတ်လမ်းတွဲကို စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်ရိုက် ကူးခဲ့ခြင်းဖြစ်သည်။

ဇတ်လမ်းမှာ ကုန်ဘောင်းခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံထားခြင်းဖြစ်ပြီး (၆)ကြိမ်မြောက် မယ်စကြဝဠာမြန်မာ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွင် သရဖူရရှိခဲ့သူ အလှမယ် နှင်းသွေးယုအောင် သည်လည်း ၎င်းဇာတ်ကားတွင် ပါဝင်ခဲ့သည်။

အဆိုပါ ဇာတ်ကားကို ရိုက်ကူးနေစဉ် စစ်တပ်က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ( ၁ )ရက်တွင် အာဏာသိမ်းခဲ့သဖြင့် သရုပ်ဆောင် "ဒေါင်း"နှင့် အလှမယ် နှင်းသွေးယုအောင်တို့က အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြရာ ၎င်းတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရသည်။

 

 

Photo: NineEntertain