တရုတ်နိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၂၄)ဦး နန်းတော်နယ်စပ်ဂိတ်မှ မူဆယ်ဘက်သို့ ပြန်ဝင်

တရုတ်နိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၂၄)ဦး နန်းတော်နယ်စပ်ဂိတ်မှ မူဆယ်ဘက်သို့ ပြန်ဝင်
သြဂုတ် 9, 2021 | Covid-19| ရှမ်းမြောက်

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသား နေရပ်ပြန် (၂၂၄) ဦးသည် မြန်မာ - တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်ပေါက်မှနေ၍ ၂၀၂၁ ခုနှစ်  ဩဂုတ်လ (၉) ရက်နေ့တွင် မူဆယ်ဘက်သို့ ပြန်ဝင်လာကြကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ  မြန်မာနိုင်ငံသား အမျိုးသား (၁၁၀) ဦးနှင့် အမျိုးသမီး (၁၁၄) ဦးတို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာဘက်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားချိန်၌ နယ်စပ်ဂိတ်များကို ပိတ်လိုက်ရာမှ ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်တွင် ရောက်နေသည့် မြန်မာနိုင်ငံသားများကို နန်းတော်နယ်စပ်ဂိတ်ပေါက်မှနေ၍ နေ့စဉ် နံနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအတွင်း ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံအတွင်း မြန်မာနှင့်နယ်စပ်တွင်လည်း COVID 19 ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို ဩဂုတ်လ (၃) ရက်နေ့မှစ၍ Lockdown သတ်မှတ်ထားကြောင်း သိရသည်။