သံတောင်မြို့နယ်အတွင်း ( ၇ )မိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်ကင်းပုန်းကို လက်နက်ကြီးနှင့်ပစ်ခတ်

သံတောင်မြို့နယ်အတွင်း ( ၇ )မိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်ကင်းပုန်းကို လက်နက်ကြီးနှင့်ပစ်ခတ်

ကရင်ပြည်နယ်၊ သံတောင်မြို့၊ (၇) မိုင်(ကျောက်တိုင်လမ်းခွဲ)ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရာနေရာကို ဒေသကာကွယ်ရေးတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသူရှိကြောင်း သိရသည်။

 

၎င်းတပ်စခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့က လက်နက်ကြီး (၃)လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်မှ ဒုဗိုလ်တစ်ဦး အပါအဝင် (၃)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု People Defence Force Thandaung အဖွဲ့က ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအပြီး သံတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် သံတောင်မြို့အတွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အသက် (၆၀)ကျော် သက်ကြီးရွယ်အို တစ်ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency