နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဘန်ကီမွန်းတို့ တွေ့ဆုံ

နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဘန်ကီမွန်းတို့ တွေ့ဆုံ

 မြန်မာနိုင်ငံအား အာဏာသိမ်းထားပြီးနောက် ပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သူဟု ကမ္ဘာတဝန်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် The Elders ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းအား ဖိတ်ခေါ်ပြီး လက်ရှိ မြန်မာ့အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 The Elders ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း နှင့် အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် ခံယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး(ဟောင်း) H.E. Mr. KIM Bong-Hyun နှင့် အဖွဲ့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့၏ ညနေပိုင်းက ရောက်ရှိလာကြောင်း သိရသည်။