ဘိန်းဘုရင် ခွန်ဆာ သတ်ဖြတ်မည်ကို ကြောက်သဖြင့် ထွက်ပြေးနေရသည့် PNO ဥက္ကဌ အား KA ကယ်တင်ခဲ့ရပြီး ယခုအခါ ကျေးဇူးရှင်ကို ပြစ်မှားနေ‌ဟုဆို

ကရင်နီတပ်မတော်
ကရင်နီတပ်မတော်
ဘိန်းဘုရင် ခွန်ဆာ သတ်ဖြတ်မည်ကို ကြောက်သဖြင့် ထွက်ပြေးနေရသည့် PNO ဥက္ကဌ အား KA ကယ်တင်ခဲ့ရပြီး ယခုအခါ ကျေးဇူးရှင်ကို ပြစ်မှားနေ‌ဟုဆို
မတ် 18, 2023 | ကယား

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( Pa-O National Organisation - PNO) ဥက္ကဌ ခွန်အောင်ခမ်းထီသည် ကျေးဇူးရှင်ကို ကျေးစွပ်လိုက်ကြောင်း ကရင်နီတပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။

၁၉၈၄ ခုနှစ်ကာလက ခွန်အောင်ခမ်းထီ နှင့် အပေါင်းအပါတို့ကို KA ရဲဘော်များက အသက်စွန့်ပြီး ထိုင်းနယ်စပ်တွင် သွားရောက် ကြိုဆိုခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၎င်းတို့အား ကုန်းအမှတ် ၂၈၈၈ တွင် နေထိုင်ခွင့်ပြုခဲ့ပြီး ဘိန်းဘုရင်ခွန်ဆာက ၎င်းတို့အား လိုက်လံသတ်ဖြတ်မည်ကို ကြောက်သဖြင့် သံလွင်မြစ်ဘေးတွင်နေလိုသည်ဟု တောင်းဆိုသဖြင့် ယခုလက်ရှိတောင်နီချောင်းဆုံတွင် နေထိုင်ခွင်ပြုခဲ့ကြောင်း သိရသည်။