KNPP ရဲေဘာ္ သုံးဦးႏွင့္ အရပ္သားတစ္ဦး ေသဆုံးမႈကို KNPP ဖက္မွ သက္ေသလာေရာက္ထြက္ဆိုေပးရန္ လိုအပ္ေန

KNPP ရဲေဘာ္ သုံးဦးႏွင့္ အရပ္သားတစ္ဦး ေသဆုံးမႈကို KNPP ဖက္မွ သက္ေသလာေရာက္ထြက္ဆိုေပးရန္ လိုအပ္ေန
ဇွန် 15, 2018
By Tachileik News Agency

KNPP ရဲေဘာ္သုံးဦးႏွင့္ အရပ္သားတစ္ဦးတို႔ ေသဆုံးခဲ့ေသာ အမႈအား စံုစမ္းစစ္ေဆးေရးတြင္  KNPP က သက္ေသလာေရာက္ ထြက္ဆိုေပးရန္ လုိအပ္ေနေၾကာင္း ကယားျပည္နယ္ လုံျခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးက ကယားျပည္နယ္အစိုးရအဖြဲ႕၏ ဒုတိယတစ္ႏွစ္တာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

"KNPP နဲ႔တပ္မေတာ္ရဲ႕ ျဖစ္စဥ္ေလး ျဖစ္ပြားခဲ့တယ္။ အဲဒါျဖစ္ပြားၿပီးတဲ့ေနာက္ KNPP ရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ စုံစမ္းစစ္ေဆးေရး အဖြဲ႔ ဖြဲ႔ၿပီးေတာ့ မိမိဖက္ကျဖစ္စဥ္ရဲ႕ စစ္ေဆးမႈေတြ အားလုံး ၿပီးစီးသြားၿပီ ျဖစ္ပါတယ္။ စစ္ေဆးၿပီးေတာ့ မည္သည့္ စုံစမ္းစစ္ေဆးမႈေတြမဆို တရားဥပေဒရဲ႕ သေဘာသဘာဝအရ ႏွစ္ဖက္နားေထာင္ ႏွစ္ဖက္စစ္ေဆးဖို႔ လိုပါတယ္။ အဲဒီလိုႏွစ္ဖက္ နားေထာင္ဖို႔အတြက္ KNPP ဖက္ကေန အဓိက သက္ေသတစ္ဦးကို လာေရာက္ ထြက္ဆိုေပးဖို႔ ေတာင္းဆိုထားပါတယ္။ တပ္မေတာ္ဖက္က တစ္ႀကိမ္၊ အစိုးရဖက္က ႏွစ္ႀကိမ္ ေတာင္းဆိုထားပါတယ္။ ဒါသက္ေသ လာေရာက္ထြက္ဆိုေပးပါ ။ စုံစမ္းစစ္ေဆးမႈကို KNPP ရဲ႕လိုလားခ်က္အရ အျမန္ၿပီးဆုံးေစလိုရင္ သက္ေသ လာေရာက္ ထြက္ဆိုေပးပါလို႔ ေတာင္ဆိုခ်င္ပါတယ္။ ယခုခ်ိန္ထိေတာ့ သက္ေသ လာေရာက္ထြက္ဆိုျခင္း မ႐ွိေသးေသာ္လည္း သက္ေသလာေရာက္ ထြက္ဆိုတဲ့အခါ လုံျခံဳေရးကို ေဆာင္ရြက္ေပးပါလို႔ ေတာင္းဆိုထားတဲ့အတိုင္း ပြင့္လင္းျမင္သာစြာ စုံစမ္းစစ္ေဆးေရးအဖြဲ႔က ေဆာင္ရြက္ေပးႏုိင္ဖို႔ အခန္းလည္း စီစဥ္ေပးထားၿပီျဖစ္ပါတယ္ ။ အဲဒီလို သက္ေသလာေရာက္ ထြက္ဆိုေပးမွသာ ဒီအမႈကို အၿပီးသတ္ ေဆာင္ရြက္ေပးႏိုင္မွာျဖစ္ၿပီးေတာ့ သက္ေသလာေရာက္ မထြက္ဆိုေသးရင္ေတာ့ ၿပီးေအာင္ ေဆာင္ရြက္ေပးႏိုင္မွာ မဟုတ္ေၾကာင္း ေျဖၾကားလိုပါတယ္ " ဟု ကယားျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးျမင့္ေဝက ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ ၊ ပါေလာင္းေက်းရြာႏွင့္ေဒါတခ်ား ေက်းရြာၾကား႐ွိ (၇ )မိုင္ဂိတ္တြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၀) ရက္ေန႔က KNPP တပ္ဖြဲ႔ဝင္သုံးဦးႏွင့္ အရပ္သားတစ္ဦးတို႔ ေသဆုံးခဲ့မႈႏွင့္ ပတ္သက္၍ စံုစမ္းစစ္ေဆးေရး အဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သတင္း -  ဆန္းၿဖိဳးထြန္း


 ~~~~~~~~⊰❂ unicode ~~~~~~~~

KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးခဲ့သော အမှုအား စုံစမ်းစစ်ဆေးရေးတွင် KNPP က သက်သေလာရောက် ထွက်ဆိုပေးရန် လိုအပ်နေကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကယားပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"KNPP နဲ့တပ်မတော်ရဲ့ ဖြစ်စဉ်လေး ဖြစ်ပွားခဲ့တယ်။ အဲဒါဖြစ်ပွားပြီးတဲ့နောက် KNPP ရဲ့ တောင်းဆိုချက်ကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီးတော့ မိမိဖက်ကဖြစ်စဉ်ရဲ့ စစ်ဆေးမှုတွေ အားလုံး ပြီးစီးသွားပြီ ဖြစ်ပါတယ်။ စစ်ဆေးပြီးတော့ မည်သည့် စုံစမ်းစစ်ဆေးမှုတွေမဆို တရားဥပဒေရဲ့ သဘောသဘာဝအရ နှစ်ဖက်နားထောင် နှစ်ဖက်စစ်ဆေးဖို့ လိုပါတယ်။ အဲဒီလိုနှစ်ဖက် နားထောင်ဖို့အတွက် KNPP ဖက်ကနေ အဓိက သက်သေတစ်ဦးကို လာရောက် ထွက်ဆိုပေးဖို့ တောင်းဆိုထားပါတယ်။ တပ်မတော်ဖက်က တစ်ကြိမ်၊ အစိုးရဖက်က နှစ်ကြိမ် တောင်းဆိုထားပါတယ်။ ဒါသက်သေ လာရောက်ထွက်ဆိုပေးပါ။ စုံစမ်းစစ်ဆေးမှုကို KNPP ရဲ့လိုလားချက်အရ အမြန်ပြီးဆုံးစေလိုရင် သက်သေ လာရောက် ထွက်ဆိုပေးပါလို့ တောင်ဆိုချင်ပါတယ်။ ယခုချိန်ထိတော့ သက်သေ လာရောက်ထွက်ဆိုခြင်း မရှိသေးသော်လည်း သက်သေလာရောက် ထွက်ဆိုတဲ့အခါ လုံခြုံရေးကို ဆောင်ရွက်ပေးပါလို့ တောင်းဆိုထားတဲ့အတိုင်း ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆောင်ရွက်ပေးနိုင်ဖို့ အခန်းလည်း စီစဉ်ပေးထားပြီဖြစ်ပါတယ်။ အဲဒီလို သက်သေလာရောက် ထွက်ဆိုပေးမှသာ ဒီအမှုကို အပြီးသတ် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီးတော့ သက်သေလာရောက် မထွက်ဆိုသေးရင်တော့ ပြီးအောင် ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ကြောင်း ဖြကြေားလိုပါတယ် " ဟု ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။

လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့်ဒေါတချား ကျေးရွာကြားရှိ (၇ )မိုင်ဂိတ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~