PDF နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေ

သတင်းတွင် ဗီဒီယို ကြည့်နိုင်ပါသည်
သတင်းတွင် ဗီဒီယို ကြည့်နိုင်ပါသည်
PDF နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေ

 အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ၏ ရင်ဆိုင်တိုက်ပွဲ တစ်ခုတွင် စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးနေသည့် ရုပ်သံက်ု NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

မည်သည့်နေရာတွင် ဖြစ်ပွားသည့် တိုက်ပွဲဆိုသည်ကို ဖော်ပြထား ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေသဖြင့်PDF တပ်မှူးက စစ်ကောင်စီတပ်သားများအား လက်နက်ချရန် အမိန့်ပေးနေသည်‌ကို တွေ့ရသည်။

NUG ဘက်ကမူ ယနေ့ စစ်မြေပြင်တနေရာမှ PDF စစ်သည်တော်များက ပေးပို့လာသော တိုက်ပွဲမှတ်တမ်းတစ်ခုဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ပွဲနှင့်ပတ်သတ်သော အသေးစိတ်အချက် အလက်များကို လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။