မင်းပြားမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရသူများ ရှိ

မင်းပြားမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရသူများ ရှိ
စက်တင်ဘာ 27, 2022 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့  ရမ်းသမ်းပစ် ခတ်လာသဖြင့် ယနေ့ စက်တင်ဘာလ (၂၇)ရက် နံနက်ပိုင်းတွင် ဒေသခံများ ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ(၂၆)ရက်နေ့က စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်မူ စစ်တွေမြို့ရှိ စစ်သင်္ဘောများကို မင်းပြားမြို့နယ်သို့ ပြောင်ရွေ့လာကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မင်းပြားမြို့၊ ကျိန်းတောင်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ခေါင်းလောင်းချောင်းကျေးရွာကို လက်နက်ကြီးကျရောက်ခဲ့ကာ ဒေသခံပိုင်နေအိမ်တစ်  လုံးပျက်စီးသွားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လာရောက်နေသဖြင့် ဒေသခံများထွက်ပြေးနေကြရသည်ဟု သိရသည်။

အဆိုပါ ရွာတွင် စက်တင်ဘာလ (၂၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦး၊ ကလေးငယ် (၁)ဦးနှင့် လူငယ်(၁)ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ရသေးသည်။

ယင်းနေ့က စစ်တွေဘက်မှလာသည့် စစ်သင်္ဘော ( ၂ )စီးကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးနှင့်ပစ်ခတ်ရာက စစ်ကောင်စီတပ်မှ ‌ကြည်း၊ ရေ၊ လေဖြင့် ကျေးရွာကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ