ဒီးမော့ဆို PDFက တပ်ရင်း(၄) အထူးကွန်မန်ဒို ဖွဲ့စည်း

ဒီးမော့ဆို PDFက တပ်ရင်း(၄) အထူးကွန်မန်ဒို ဖွဲ့စည်း
သြဂုတ် 4, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် မေလ (၆)ရက်နေ့တွင် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းပြီး တပ်ရင်း(၁၁)ရင်းဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ (၁၁၀၂)တပ်ရင်း၊ (၁၁၀၆)တပ်ရင်း၊ (၁၁၀၇)တပ်ရင်းများကို ဖွဲ့စည်းခဲ့ရာ အဆိုပါတပ်ရင်းများ တာဝန်ထမ်းဆောင်ရန် ဒီးမော့ဆို PDF တပ်ရင်း(၁၁)ရင်းမှ တပ်ဖွဲ့ဝင်တချို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သည်ဟု သိရသည်။

ထို့နောက် ဒီးမော့ဆို PDFတပ်ရင်းအသီးသီး၌ ကျန်ရှိနေခဲ့သည့် တပ်ဖွဲ့ဝင်များသည် ပိုမိုကျစ်လစ်ခိုင်မာလာစေရန် ယခင်က တပ်ရင်း(A၊ D၊ E၊ F)ကို တပ်ရင်း(၁)၊ (B၊ C၊ K)ကို တပ်ရင်း(၂)၊ (G၊ H၊ I)ကို တပ်ရင်း (၃)နှင့် တပ်ရင်း(J)၊ ဖောက်ခွဲရေးတပ်ရင်း၊ ဒရုန်းတပ်ခွဲနှင့် ဗဟိုကင်းတပ်ခွဲတို့ကို တပ်ရင်း(၄)ဟူ၍ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency