ပုသိမ် - မုံရွာကားလမ်းတွင် ရဲ ၈ ဦးပါယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်

ပုသိမ် - မုံရွာကားလမ်းတွင် ရဲ ၈ ဦးပါယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ပုသိမ် - မုံရွာကားလမ်းတွင်  အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ရဲတပ်ဖွဲ့ဝင် (၈)ဦးကို Regional Friend Fighters (RFF)နှင့် Yinmarbin Fighter Brotherhood Guerrilla Army တို့က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ကြောင်း သိရသည်။

ကြေးနီသယ်မည့်ကားများကို လုံခြုံရေးယူပေးမည့် ရဲတပ်ဖွဲ့ဝင် (၈)ဦးလိုက်ပါလာသည့်ယာဉ်သည် နံနက် (၉)နာရီဝန်းကျင်က ပုသိမ်-မုံရွာလမ်းရှိ မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ ကြားတွင် မိုင်းများရှင်းလင်းရန် ပြုလုပ်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဘက်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။