အာဏာသိမ်းစစ်တပ်၏ ထီးကပလယ်စခန်းကို  KNLA၊ KNDO၊ DKBA တို့ ပူးပေါင်း သိမ်းပိုက်

Photo: KNLA
Photo: KNLA
အာဏာသိမ်းစစ်တပ်၏ ထီးကပလယ်စခန်းကို  KNLA၊ KNDO၊ DKBA တို့ ပူးပေါင်း သိမ်းပိုက်

ကရင်ပြည်နယ်အတွင်း မြဝတီမြို့နှင့် မိုင်(၃၀)ဝေးသည့် ထီးကပလယ် စစ်ကောင်စီစခန်းအား KNLA နှင့် ပူးပေါင်းအဖွဲ့က ယနေ့မတ်လ(၂၅)ရက်၊ မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်ခဲ့ကြောင်း KNU ထံမှ သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီစခန်းကို KNDO လုံခြုံရေးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောအယ်မြထူးနှင့် KNLA ရင်း(၁၀၃)တပ်ရင်းမှူး ဗိုလ်မှူးစောသေဂေး ဦးဆောင်ပြီး DKBA တပ်ရင်း(၉၀၆) ပါ ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါ စခန်းအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရရှိခဲ့ပြီး သေဆုံး၊ ဒဏ်ရာရအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးပေ။