ယူကရိန်းစစ်ပွဲတွင် အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှား စွပ်စွဲ

ယူကရိန်းစစ်ပွဲတွင် အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှား စွပ်စွဲ
By Mr John

 ယူကရိန်းစစ်ပွဲတွင် အမေရိကန်နိုင်ငံအနေဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှားနိုင်ငံက ပထမဆုံးအကြိမ် လူသိရှင်ကြား စွပ်စွဲ ပြောကြားလိုက်သည်။ 

ယူကရိန်းတပ်ဖွဲ့များ အသုံးပြုနေသည့် အမေရိကန်လုပ် Himars ဒုံးကျည်ပစ်လွှတ်မှုအတွက် ပစ်မှတ်များကို အမေရိကန်က အတည်ပြုပေးနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စွပ်စွဲခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က ယူကရိန်းအရာရှိများကြား ဆက်သွယ်ပြောကြားမှုများကို ကြားဖြတ်နားထောင်ခဲ့မှုအရ ထိုဆက်နွယ်မှုကို ဖော်ထုတ်သိရှိခဲ့သည်ဟု ဆိုသည်။ 

ရုရှားဘက်က ယခုပြောဆိုမှုကို သီးခြားအတည်မပြုနိုင်ကြောင်း BBC သတင်းက ဖော်ပြထားသည်။ 

အမေရိကန်အစိုးရအရာရှိများထံမှလည်း ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ ချက်ချင်း မှတ်ချတ်ပေးမှုမရှိဟု ဆိုသည်။

အမေရိကန်က ယူကရိန်းတွင် ကြားခံစစ်ပွဲ "proxy war" တိုက်ခိုက်နေကြောင်း ရုရှားက ယခင်က စွပ်စွဲထားခဲ့သည်။ 

"ဒွန်ဘတ်စ်နဲ့ အခြား နယ်မြေတွေမှာ အရပ်သားအများအပြား သေဆုံးခဲ့တဲ့ လူနေဧရိယာနဲ့ အရပ်သား အဆောက်အအုံတွေကို ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအားလုံးအတွက် ဘိုင်ဒန်အစိုးရမှာ တိုက်ရိုက် တာဝန်ရှိပါတယ်" ဟု Igor Konashenkov က ပြောသည်။

ဒုံးကျည်များ အတွဲလိုက် ပစ်လွှတ်နိုင်သည့် အမေရိကန်၏ Himars လက်နက်စနစ်က (၄၅) မိုင်အကွာရှိ ပစ်မှတ်များကို အတိအကျ တိုက်ခိုက်နိုင်ပြီး ယခင်က ယူကရိန်းထံတွင်ရှိခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုစနစ်ထက် များစွာပိုဝေးသော အကွာအ‌ဝေးဖြစ်ကြောင်း သိရသည်။ 

ထိုဒုံးကျည်စနစ်က ရုရှား၏ အလားတူ ဒုံးကျည်စနစ်ထက် ပိုမိုတိကျွန်မှုရှိသည်ဟု ယူဆရသည်။

Source: BBC