ဖလမ်းမှ ကလေးသို့ ပြန်လာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ လမ်းတစ်လျှောက် နီးပါး မိုင်းဆွဲခံရမှုကြောင့် အထိနာသေဆုံးများပြား၊ သိမ်းရမိသည့် ပစ္စည်းတွင် စစ်သုံး ပစ္စည်းများအပြင် အမျိုးသမီး ဘော်လီလည်း ပါဝင်

Photo: Chin National Organization
Photo: Chin National Organization
ဖလမ်းမှ ကလေးသို့ ပြန်လာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ လမ်းတစ်လျှောက် နီးပါး မိုင်းဆွဲခံရမှုကြောင့် အထိနာသေဆုံးများပြား၊ သိမ်းရမိသည့် ပစ္စည်းတွင် စစ်သုံး ပစ္စည်းများအပြင် အမျိုးသမီး ဘော်လီလည်း ပါဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ကလေးမြို့ဖက်သို့ ၂၀၂၂ ခုနှစ် မေလ (၉)ရက်နေ့က စပြီး ဆင်းလာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်သည် CNDF ၏  မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  အများအပြားသေကြောင်း နှင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများတွင် အမျိုးသမီး ဘော်လီလည်း တွေ့ရှိရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ သံချပ်ကာ ကား(၂)စီး၊ စစ်ကား (၂၆)စီးပါ စစ်ကောင်စီယာဉ်တန်းသည် မိုင်တိုင်(၆၃)၌ ရပ်နားပြီး ခြေလျင်နယ်မြေရှင်းရေးလုပ်စဉ် CNDF ၏ တိုက်မိုင်းတွဲလုံးမိကာ သေ ဆုံးသူနှင့် ဒဏ်ရာရှိသူများပြားခဲ့ကြောင်း  Chin National Organization က  မေလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"အကြမ်းဖက်စစ်ကောင်စီများသည် သေဆုံးအလောင်းများအား  ပါရ်သဲကျေးရွာရှိ နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ဖျက်စီးခဲ့ကြပါသည်။"ဟု ထုတ်ပြန်ထားသည်။

ထို့နောက် ၎င်းတို့သည် စစ်ကြောင်းထပ်ချီခဲ့ရာ မိုင်တိုင် (၅၅)ပတ်ဝန်းကျင်တွင်လည်း တိုက်မိုင်းထပ်မိ၍ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

သိမ်းရမိသည့် ပစ္စည်းတွင် စစ်သုံး ပစ္စည်းများအပြင် အမျိုးသမီး ဘော်လီလည်း ပါဝင်



 

၎င်းလမ်းကြောင်းမှာပင်  မိုင်တိုင် (၄၅)ပတ်ဝန်းကျင်၌ CNDF  မှ ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ကြရာ (၄)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိသည့်အပြင် တောလမ်းအတိုင်းစစ်ချီရာတွင် တိုက်မိုင်းများမိပြီး ထပ်မံသေဆုံး ဒဏ်ရာရရှိသူများရှိခဲ့သည့်အတွက် ဇောင်လဲကျေးရွာရှိ လူနေအိမ်များအတွင်း အလောင်းများထည့်သွင်းကာ မီးရှိဖျက်စီးခဲ့ကြကြောင်း သိရသည်။

မိုင်တိုင်(၆၃) နှင့် မိုင်တိုင် (၄၅) အကြားတွင် CNDF မှ နယ်မြေရှင်းလင်းရေးဆင်းကြရာ MA ကျည် (၁၂၀)၊ ၆၀ မမ ကျည် (၁)၊ ကျည်ဘောက်(၁)ခုအား သိမ်းဆည်းရမိပြီး အမျိူးသမီးအဝတ်စားများလည်း တွေ့ရှိရသည့်အတွက် စစ်ကောင်စီက အမျိုးသမီးများကိုပါ ရှေ့တန်းထွက်ခိုင်းနေသည်ဟု ယူဆရကြောင်း ထုတ်ပြန်ထားသည်။