ထိုင်းမှတစ်ဆင့် မလေးရှားကို နယ်စပ်မှ ခိုးဝင်မည့် မြန်မာ (၄၀)ဦး ဖမ်းဆီး ခံရ

ထိုင်းမှတစ်ဆင့် မလေးရှားကို နယ်စပ်မှ ခိုးဝင်မည့် မြန်မာ (၄၀)ဦး ဖမ်းဆီး ခံရ

 ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ နယ်စပ်မှခိုးဝင်မည့် မြန်မာနိုင်ငံသား (၄၀) ကို ဆောင်ခလာတွင် ၂၀၂၂ ခုနှစ် ဧပြီလ (၆)ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

ရာဘာတောအတွင်း ပုန်းအောင်းနေသည့် မြန်မာအမျိုးသား (၃၁) ဦးနှင့် အမျိုးသမီး (၉) ဦးတို့ ပါဝင်သည့်အဖွဲ့ကို နယ်စပ်လှည့်ကင်းအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာအဖွဲ့သည် ချင်းပြည်နယ်၊ ထားဝယ်၊ ရခိုင်နှင့် ရန်ကုန်မှ လာရောက်သူများဖြစ်ကြသည်ဟု သိရပြီး ရနောင်းဘက်ရှိ တောလမ်းမှ မတ်လ (၃၁)ရက်နေ့တွင် တရားမဝင်ဖြတ်သန်းလာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် ကား (၃)စီးဖြင့် ဆက်လက်ထွက်ခွာလာရာ ဆဒွိုင်းသို့ ည (၁၀)နာရီဝန်းကျင်တွင် ရောက်ခဲ့ကြပြီး ယာဉ်မောင်းများက အဆိုပါနေရာတွင် ထားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ မြန်မာနိုင်ငံသားအဖွဲ့သည် မလေးရှားနိုင်ငံ ပီနန်းရှိ ပွဲစားဖြင့်ချိတ်ဆက်၍ အလုပ်လုပ်ရန် ဝင်လာကြခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် (၅၆၀၀၀)ကို တစ်ဝက်ကြိုတင်ပေးချေစနစ်ဖြင့် ချိတ်ဆက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။



ကျန်တစ်ဝက်ကို မလေးရှားရောက်ချိန်တွင် ပေးချေကြရမည်ဟု သိရသည်။



မြန်မာရွှေ့ပြောင်းလုပ်သားများကို COVID 19 စစ်ဆေးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကာ နေရပ်ပြန်ပို့သွားမည်ဟု သိရသည်။

Source: Bangkokpost