စိုးရိမ်ကြောက်လန့်နေသည့် စစ်ကောင်စီက ရန်ကုန်သင်္ကြန်တွင် စနိုက်ပါများ ထားရှိရေး ညွှန်ကြားထားသည့် လျှို့ဝှက်ကြေးနန်း ပေါက်ကြား

စိုးရိမ်ကြောက်လန့်နေသည့် စစ်ကောင်စီက ရန်ကုန်သင်္ကြန်တွင် စနိုက်ပါများ ထားရှိရေး ညွှန်ကြားထားသည့် လျှို့ဝှက်ကြေးနန်း ပေါက်ကြား

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း ကျင်းပမည့် သင်္ကြန်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဆို‌သော်လည်း စိုးရိမ်ကြောက်လန့်နေသဖြင့် လုံခြုံရေး အတွင်းစည်း အပြင်စည်းထားပြီး ကင်းပတ်မည့်အပြင် စနိုက်ပါအဖွဲ့ပါ ထားမည်ဖြစ်ကြောင်းညွှန်ကြားထားသည့် လျှို့ဝှက်ကြေးနန်းဖြင့် ညွှန်ကြားထားကြောင့် CDM ရဲတပ်ဖွဲ့ဖြစ်သည့် Myanmar Police CDM Channel - MPCC က ထုတ်ဖော်ထားရှိသည်။ 

၎င်း စနိုက်ပါအဖွဲ့ကို စမ်းချောင်း၊ ကျောင်းလမ်းရှိ ဆောက်လက်စ အဆောက်အဦးပေါ်တွင် ခမရ(၇၀၂)မှ တစ်ဖွဲ့ထားရှိမည်ဖြစ်ကာ အတွင်းစည်း၊ အပြင်စည်း၊ လှည့်ကင်း၊ ပတ်ကင်းများပါ စီမံထား ကြောင်း သိရသည်။