ဆီမီးခုံဆိပ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၁၀)ဖွဲ့ကျော်က  ပူးပေါင်း တိုက်ခိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံး

ဆီမီးခုံဆိပ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၁၀)ဖွဲ့ကျော်က  ပူးပေါင်း တိုက်ခိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံး

 မန္တ‌လေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းတွင် အင်အား (၁၀၀)ဝန်းကျင်၊ စစ်သင်္ဘော(၂)စီးဖြင့် (၆)လအကြာတပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ RPG ထိမှန်ကာ သ‌င်္ဘောတစ်စီး ပျက်ဆီးပြီး (၁၉)ဦးသေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ယနေ့မတ်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် မတ်လ(၁)ရက်နေ့က သွားရောက် တိုက်ခိုက်ရာတွင် PDF တပ်များ၏ RPG ပစ်ချက်ကြောင့် စစ်သင်္ဘောတစ်စီး ပျက်စီးသွားခဲ့ပြီး‌နောက် လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး (၁၉)ဦး သေကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိခဲ့ဟု သိရသည်။

၎င်းအကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့တပ်မတော်(မြောင်) -MUA၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM ၊ PDF TALOKE ၊ ပြောက်ကျားလင်းယုန်အဖွဲ့၊ Myinmu Civil Revolution Force ၊ ဒေါင်းစစ်သည်၊ Burmese Guerrilla Force-BGF ၊ 27 Revolution Force ၊ MDY PDF ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ ၊ မြေလတ်- One More ၊ MGN RAINGER ၊ MGN TIGER နှင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။