ကရင်နီပြည်နယ်တွင်း စစ်ရှောင်များ ယူသွားနိုင်ရန် ဟင်းချက်စရာများကို ဟန်နွဲ့ကျေးရွာ ဒေသခံများက လမ်းဘေးဝဲယာတွင် ချထားပေး

ကရင်နီပြည်နယ်တွင်း စစ်ရှောင်များ ယူသွားနိုင်ရန် ဟင်းချက်စရာများကို ဟန်နွဲ့ကျေးရွာ ဒေသခံများက လမ်းဘေးဝဲယာတွင် ချထားပေး
ဖေဖော်ဝါရီ 26, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက် ထိုးစစ်ဆင်နေမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် ဟန်နွဲ့ကျေးရွာဒေသခံများက ကယန်းရိုးရာဟင်းချက်သည့် ငှက်ပျောအူနှင့် ဖရုံသီးများကို လမ်းဘေးဝဲယာတွင် ချထားပေးကာ ကူညီပေးနေကြကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်ထို းစစ်ဆင်နေမှုကြောင့် စစ်ဘေးရှောင်များမှာ နေရာအကြိမ်ကြိမ် ရွှေ့ပြောင်းတိမ်းရှောင်နေကြရပြီး အကူအညီများစွာ လိုအပ်နေရာ ဒေသတွင်း ပြည်သူချင်း တတ်နိုင်သမျှ မျှဝေကူညီနေကြခြင်းဖြစ်သည်။



 

ကရင်နီပြည်နယ်တွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် မျှဝေကူညီလိုသူများအနေဖြင့်  Loikaw-Eastern Rescue Team၊ Kayan Rescue Committee -KRC ၊ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီများမှ တစ်ဆင့် ပေးပို့ကူညီနိုင်ကြကြောင်းလည်း သိရသည်။