အာဏာသိမ်းတပ်က လွိုင်ကော်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ဝင်စီးပြီး ကျောင်းထိုင်ဘုန်းတော်ကြီး အပါအဝင် ဆရာဝန်နှင့် လူနာများကိုပါ ခေါ်ဆောင်သွား

Photo: CJ
Photo: CJ
အာဏာသိမ်းတပ်က လွိုင်ကော်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ဝင်စီးပြီး ကျောင်းထိုင်ဘုန်းတော်ကြီး အပါအဝင် ဆရာဝန်နှင့် လူနာများကိုပါ ခေါ်ဆောင်သွား
နိုဝင်ဘာ 22, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘုရားကျောင်းဝန်းအတွင်း ဆေးခန်းမှ ဆရာဝန်များနှင့် လူနာများကိုပါ အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ခေါ်သွားကြောင်းသိရသည်။

"ဂရုဏာ ဆေးခန်းသည် လက်ရှိ လွိုင်ကော်မြို့ပေါ်တွင် အားကိုးအားထားရတဲ့ တစ်ခုတည်းသော ဆေးခန်သာဖြစ်သည်။ စကစ ဆက်လက်ဝင်စီးပါက ပြည်သူများ ဖျားနာလျှင် ဘယ်နေရာမှာ သွားရောက်ကုသမလဲ"ဟု ဒေသအခြေစိုက် PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက ဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့၏စစ်တပ်က လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ယနေ့ နံနက်ပိုင်းက အရပ်ဝတ်များဖြင့်ပါ ဝိုင်းထားပြီး ဝင်ရောက်ရှာဖွေမွှေနှောက်ကာ ဘုန်းတော်ကြီးအပြင် ဘုရားကျောင်းဝန်းအတွင်းရှိ ဂရုဏာဆေးခန်းမှ ဆရာဝန်အချို့အပြင် လူနာများကိုပါ ဖမ်းခေါ်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း ပစ်ခတ်မှုများတွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများစသည့် ဘာသာရေးအဆောက်အဦများကိုပါ ပစ်ခတ်သည်ကိုတွေ့ရပြီး ယနေ့တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။